ရှမ်းရွာသစ် မေ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က ဒေသနေပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် သဘာဝဘေးအန္တရာယ် ကျရောက်ပါက သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စီမံထားချက်များ၊ မုန်တိုင်းအတွက် သတိပြုလိုက်နာရန်အချက်များ၊ မုန်တိုင်းမကျရောက်မီ ဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ် ကျရောက်ပြီးပါက လိုက်နာရန်အချက်များစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ များကိုဖိတ်ခေါ်၍ (Talk Show) ဆွေးနွေးပွဲများကို လစဉ်ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)