သရက်ချောင်း မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ပြသခြင်းကို ယမန်နေ့က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်ဘုတ်တွင် မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့်အတွက် ဆောင်ရန်ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်ဆဲ၊ ကျရောက်ပြီးချိန် များတွင် လုပ်ဆောင်ရမည့် အချက်များ၊ မုန်တိုင်းအန္တရာယ်ကို ပြည်သူများ ကြိုတင်သိရှိနိုင်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်စေရန် သဘောပေါက်လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များ၊ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာကာ အခြားသူများ ကို မျှဝေရန်နှင့် မုန်တိုင်းအသိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များပါရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)