လှိုင်းဘွဲ မေ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူများအနေဖြင့် အသိပညာဗဟုသုတများ အလွယ်တကူရရှိစေရန်အတွက် လစဉ်ပြသဆောင်ရွက်ထားလျှက်ရှိရာ ကလေးအလုပ်သမားပပျောက်ရေးနှင့် မိုးဦးကာလအတွင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်စေရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များတွင် ကလေးသူငယ်တို့၏ အခွင့်အရေးများအကြောင်း၊ ကလေးသူငယ်စောင့်ရှောက်ရေး တာဝန်ယူဆောင်ရွက်ပေး၊ ကလေးသူငယ်များအပေါ် လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ မတော်မတရားပြုမှုခြင်း၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ သက်ဆိုင်ရာအလုပ်သမားဥပဒေများတွင် အလုပ်လုပ်ရန် အသက်ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့် စသည့်အကြောင်းအရာများနှင့် မိုးဦးကာလတွင် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လေဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်စသည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသနေပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဖိုးခွါး(ပြန်/ဆက်)