သနပ်ပင် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအားလုံး အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးသည် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအားလုံးတွင် တာဝန်ရှိပြီး မိမိတို့ဆောင်ရွက်သည့်စီမံကိန်းများနှင့် လုပ်ငန်းများအတွက်လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းများကို အကောင်အထည်ဖော်ကြသူများဖြစ်၍ အလေးထားဆောင်ရွက်ကြရန်တက်ရောက်လာသော ဌာနဆိုင်ရာများအား မှာကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဒေသန္တရစီမံကိန်းရည်မှန်းချက်ကဏ္ဍကြီးသုံးရပ်ဖြစ်သည့် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့်ဝန်ဆောင်မှုကဏ္ဍကြီးတို့ကို သက်ဆိုင်ရာဌာနများအလိုက် ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ သနပ်ပင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးမှုစီမံကိန်း(MSDP)ပါ ရည်မှန်းချက်ပန်းတိုင်များ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့်အညီရေးဆွဲထားပြီး ကဏ္ဍကြီးများအလိုက် စုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်၊ ပုံမှန်ဈေးနှုန်းများအရ တိုးတက်ရန်ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)