သာယာဝတီမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

သာယာဝတီ မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလားပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုများနှင့် အမြန်ဆုံးတုံ့ပြန်ကူညီနိုင်ရေး လုပ်ငန်းအဆင့်ဆင့် ဇာတ်တိုက်လေ့ကျင့်နေမှုများကို တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိမှု အခြေအနေများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်ထားရှိမှုကို အင်းမတပ်နယ် တပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်ဆိုင်၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစန်းဝင်း၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းတို့က မြို့နယ်အတွင်းရှိ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများထားရှိရာ ၄ နေရာတို့တွင်ပြင်ဆင်ထားရှိမှု၊ လူ၊ ယာဉ်နှင့် စက်ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ဇော်