တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ရှိသစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ  ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ရှိသစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အန္တရာယ်ရှိသစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းရန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အမှတ်(၁၈)၊ အမှတ်(၁၉)၊ အမှတ်(၂၀)ရပ်ကွက်များမှ  အန္တရာယ်ရှိ သစ်ပင်များခုတ်ထွင်ရှင်းလင်းရန်သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် အားအလွန်ကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲကာ မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်လာမည့် အခြေအနေရှိသောကြောင့် တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ရှိသစ်ပင်ကြီးများကို ၁၀-၅-၂၀၂၃ ရက်နေ့မှစတင်၍ ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)