သံတောင်ကြီးမြို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

သံတောင်ကြီး မေ  ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်အားယနေ့နံနက်(၈)နာရီအချိန်က သံတောင်ကြီးမြို့ပေါ်ရှိ  လမ်းဆုံ၊ လမ်းကွများ လူအသွားအလာများသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင်  လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက် လွယ်ကူစေရန် အရောင်ဖြင့် သတိပေးစနစ်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်များစသည့်  အကြောင်းအရာများ  ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

စောမင်းသား