သာပေါင်း မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာလက်ကမ်းစာစောင်များကို ယနေ့ မေလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ပြည်သူများ သွားလာစည်ကားရာ လမ်းဆုံ၊ လမ်းမများနှင့် သီရိရွှေသာဈေး အတွင်း၊ အပြင် နေရာတို့မှ နေ၍ ဖြန့်ဝေပေးခဲ့ကြသည်။
မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိခိုက်ပျက်စီးမှု လျော့နည်းစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မုန်တိုင်းအတွကိ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် မုန်တိုင်း၏အန္တရာယ်ကို ပြည်သူများ လွယ်ကူစွာသိရှိစေရန်၊ မုန်တိုင်းသတိပေးချက်ရလျင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းအရောင်အဆင့် အညွှန်းအမှတ်များနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ စသည့်အကြောင်းအရာများ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၂၅၀)ကို အများပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရေးဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)