ဘားအံ မေ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အဆင့်မြင့်စံပြဈေး၊ အမှတ်(၂)အဆင့်မြင့် စံပြဈေး၊ မြို့မဈေးကြီးနှင့် သီရိဈေးတို့တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပါက မိမိနှင့်အတူ အသင့်ထားရှိရမည့် အရေးပေါ်သုံး ပစ္စည်းများ စသည့် အသိပညာ ဗဟုသုတဆိုင်ရာများ ပါဝင်ကြောင်း သိရသည်။
မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူစည်ကားရာ နေရာများဖြစ်သည့် အမှတ်(၁)အဆင့်မြင့်စံပြဈေး၊ အမှတ်(၂)အဆင့်မြင့် စံပြဈေး၊ မြို့မဈေးကြီးနှင့် သီရိဈေးတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)