လပွတ္တာ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လတ်တလော ထွက်ပေါ်လျက်ရှိသည့် မုန်တိုင်းသတင်းနှင့် ပက်သက်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို သိရှိစေရန်နှင့် ကြိုတင်ပြင်ဆင်နိုင်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းဘေးပညာပေး စာစောင် များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများတွင် ယမန်နေ့ နံနက် ၈ နာရီက ဖြန့်ဝေ ပေးခဲ့ကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းဘေးပညာပေး လက်ကမ်း စာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်း ဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်း၏ အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ ဆောင်ထားရမည့် အရေးပေါ် ပစ္စည်းများ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ စသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားသည့် လက်ကမ်းစာစောင်များကို လိုက်လံ ဖြန့်ဝေပေးခဲ့ကြပြီး မုန်တိုင်းသတင်းနှင့်ပတ်သက်၍ ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများအား ပြုလုပ်ခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)