လပွတ္တာ မေ ၁၀
လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့ နံနက် (၁၀)နာရီ က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်၍ လပွတ္တာခရိုင်အတွင်းသို့ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီ များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဟန်ချက်ညီစွာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူသို့ အချိန်မီ အသိပေးပြန်ကြားနိုင်ရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်အလက်များကိုလည်း စဉ်ဆက်မပြတ် အသိပညာပေး ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစည်သူစိုးက မုန်တိုင်းအန္တရာယ် ကျရောက်ပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်များတွင် ယာယီခိုလှုံနေထိုင်နိုင်ရန် Cyclone Shutter အဆောက်အဦ များ၊ ယာယီခိုလှုံနေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိသော ကူညီကယ်ဆယ်ရေးစခန်းများ၏ အခြေအနေများ၊ လတ်တလော စားသောက်နေထိုင်ရေး အဆင်ပြေစေရန်ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အများပြည်သူများ သိရှိလိုက်နာနိုင်စေရန်အတွက် ဌာနအလိုက် တာဝန်ရှိသူများက မြို့နယ် အသီးသီးတွင် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် လုပ်ငန်းကော်မတီ အလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)