ကေ့ာကရိတ်မြို့နယ်တွင် MOCHA Cyclone မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများဆောင်ရွက်

ကေ့ာကရိတ်    မေ     ၁၀

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် MOCHA Cyclone မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေး ပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈) နာရီက မြို့နယ်ခန်းမရှေ့တွင်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကေ့ာကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက သဘာဝဘေး မကျရောက်မီနင့် သဘာဝဘေးကျရောက်ပါက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။

ထိုနောက် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ရဲမင်းက မြို့နယ်အတွင်းရှိ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထားမှု၊ တပ်ဖွဲ့ဝင်များရှာဖွေပစ္စည်းများကို ရင်းရင်းနှီးနှီးကိုင်တွယ် ဆောင်ရွက်တတ်ရေး လေ့ကျင့်ဆောင်ရွက်ထားရှိမှု၊ မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပစ္စည်းများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လူနာထမ်းစင်ဖြင့် လူနာကယ်နည်းများကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။                                            

အဆိုပါ ကာကွယ်ရေးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)