ထန်းတပင်(ပဲခူး) မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ်ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အသင့်ကြိုတင် ပြင်ဆင်ထားမှုနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေမှုများအား အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူးကိုယ်စားဒုတိယဗိုလ်မှူးကြီးသူရိန်သန်းမြင့်က ယနေ့မွန်းလွဲပိုင်းကတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီးမြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းအတွင်း၌ မြို့နယ်သသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးလှမြင့်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျလုပ်ဆောင်နိုင်ရန်အတွက် မှာကြားဆွေးနွေးခဲ့ပြီး ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်အောင်၀င်းစိန်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)