ရှာ​ဖွေကယ်ဆယ်​ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား ရေတာရှည်တပ်နယ်မှူး စစ်ဆေးကြည့်ရှု

ရေတာရှည်   မေ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အ​ရေး​ပေါ်ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်ထားမှုအား ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းလှိုင်ဝင်းက ယမန်နေ့ နေ့လယ်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းလှိုင်ဝင်းက မြို့နယ်မီးသတ်ဦးစီးဌာနဝန်းအတွင်း၌ မြို့နယ်သဘာဝ​ဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကယ်ဆယ်​ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျလုပ်ဆောင်နိုင်ရန်အတွက် မှာကြားဆွေးနွေးခဲ့ပြီး ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်က ရှင်းလင်းပြောကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)