သံတောင်ကြီး မေ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဉက္ကဋ္ဌ ဦးညီညီအောင်မှအခြေခံပညာကျောင်းများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်နှင့် အုပ်စုမှူးတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က သံတောင်ကြီးမြို့ အ.ထ.က ကျောင်းဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒု-ဉက္ကဋ္ဌကသံတောင်ကြီးမြို့နယ်ရှိ ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆရာ/ဆရာမများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးတင့်ဝေက သံတောင်ကြီးမြို့နယ်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်မှုနှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ကျောင်းများ ဖွင့်လှစ်နိုင်မည့်အခြေအနေ အားဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီးဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ ဆရာတော်ဒူသူက သံတောင်ကြီးမြို့ရှိအခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် အသင်းတော်မှတာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပညာရေးမှူးဦးသန်းထွန်းဌေးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်မှု အခြေအနေအားရှင်းလင်း ဆွေးနွေး ခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများက မိမိတို့ကျောင်းများ ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒု-ဉက္ကဋ္ဌမှလိုအပ်သည်များပေါင်းစပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
နော်နော်မူ