ဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကြို့ပင်ကောက် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဘာဝဘေးစီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက မုန်တိုင်းကြာင့် ဖြစ်ပေါ်လာနိုင်သော ရေကြီးရလျှံမှုများ လေပြင်းတိုက်ခတ်မှုများကြာင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို စီမံချက်များ ရေးဆွဲထားဖို့လိုကြောင်း ဖြစ်ပေါ်လာပါက ချက်ချင်းတုန့်ပြန် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပရဟိတအဖွဲ့များနှင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး သဘာဝဘေးဒဏ်ခံရသော ဒေသခံများ၏ စားဝတ်နေရေး ကိစ္စများအား ကြိုတင်ဇာတ်တိုက်ပြင်ဆင်ဆောင်ရွက်ထားရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဋ္ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)