မိုးညိုမြို့စည်ပင်သာယာဈေး၌ မုန်တိုင်း‌ဘေး ကြိုတင်ကာကွယ်ရေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မိုးညို မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလိချုပ်အောင်ဆန်းလမ်းမကြီးရှိ စည်ပင်သာယာဈေးအတွင်းနှင့် လူအသွားအလာများသည့် ဈေးပတ်လည်ရှိလမ်းဆုံများ၌ ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများစုပေါင်း၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံနှိုးဆော်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာမှ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက်များအား Hand Speaker ဖြင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်မကြာခဏ ‌ကြေညာခြင်းနှင့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ မုန်တိုင်း၏ အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ကိုမင်း(ပြန်/ဆက်)