ကျောက်တံခါး မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူးဦးဇော်မင်းထွန်းနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများတက်ရောက်ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်တင်ပွဲကို အ-ထ-က(ကျောက်တံခါး)၊ အ-လ-က(စျေးပိုင်း)ကျောင်းရှေ့တို့တွင်လည်း ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးဒေါက်တာဇင်သက်ဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)