ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းရွာသစ်   မေ  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိ ပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင် ရွက်ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက လူကုန်ကူးမှုဖြစ်ပေါ်လာခြင်း၏ တွန်းအားပေးချက်များနှင့် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများကို အသိပညာပေး ဟောပြောပြီးနောက် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ(၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာသိသင့်သိထိုက်သည့် အကြောင်း အရာများကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူလူငယ်လေးများနှင့် စာကြည့်တိုက်သို့လာရောက်သည့် စာငှား၊ စာဖတ်ပရိသတ်များက စိတ်ဝင်စားစွာကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)