မင်းတုန်း မေ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ ရပ်ကွက်များတွင် ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာခဲ့ကြသည်။
ထိုသို့ လှည့်လည်ကြေညာရာတွင် ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုက်းငယ်အဖြစ်ရောက်ရှိကာ လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွှေ့လျားနိုင်သည် အခြေအနေ ရှိပါသဖြင့် မုန်တိုင်းအရှိန်ကြောင့် မိုးက်လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများ အနေဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော မိုးလေဝသတင်းများ ကြည့်ရှုကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)