ဖျာပုံမြို့၌ “လူငယ်အသိပညာပေး” ဟောပြောပွဲ ကျင်းပ

ဖျာပုံ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောပွဲကို မေလ ၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌​ပြုလုပ်သည်။
အဆိုပါလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောရာတွင် ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ် ဥမ္မာလှိုင်က “လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ ရာသီဥတုနှင့် လိုက်လျောညီစွာ နေထိုင်နိုင်ရေး စသည်တို့အား ပရိုဂျက်တာ​ဖြင့် အသိပညာပေး ရှင်းလင်းပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးက Social Media ၏ကောင်းကျိုး ဆိုကျိုးများနှင့် သတင်းအမှားအမှန်ခွဲခြားနည်း စသည့် အချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၌ ဖျာပုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ် စန္ဒာဦးကလူငယ်နှင့် အားကစားဆိုင်ရာ အကြောင်းအသိပညာပေး ဟောပြောသည်။ အသိပညာ​ပေးဟောပြောပွဲသို့ ဖျာပုံမြို့ပေါ်ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင်(ပြန်/ဆက်)