ပွင့်ဖြူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U25)အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ပွင့်ဖြူ မေ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U25)အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို မေ ၈ ရက်၊ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ လူငယ်မောင်မယ်များနှင့် ကျောင်းနေအရွယ်ကလေးများ နွေရာသီအားလပ်ချိန်၌အချိန်ကိုအကျိုးရှိစွာအသုံးချပြီး အားကစားပြုလုပ်ခြင်းဖြင့်ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်လာစေရန် ရည်ရွယ်ပြီး(U25)အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (U25)အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို မေ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီးမြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် လူငယ်များက ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် အကြိတ်အနယ်ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရကာပြိုင်ပွဲ၌ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)