ကမမောင်း မေ ၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုက်ပွဲရှောင် မိသားစုများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ကမမောင်းမြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
တိုက်ပွဲရှောင် အိမ်ထောင်စု (၇၇၈)စုအတွက် တစ်အိမ်ထောင်လျှင်စောင်(၁)ထည်၊ ခြင်ထောင်(၁) လုံး၊ပုဆိုး(၁)ထည်၊ လုံချည်(၁)ထည်၊ ဆပ်ပြာ(၁)တောင့်၊ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး လူတစ်ဦးလျှင် တီရှပ်(၁)ထည် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထွန်းထံက သိရသည်။
သန့်ဇင်(ပြန်/ဆက်)