ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး မေ ၉

ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းနှင့် တောင်ငူလမ်းဆုံ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြေစိုက်ပိုစတာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်၊ လူမှုရေးရာဝန်ကြီးဦးအောင်ဝင်းဦးနှင့် တိုင်းဒေသကြီးပညာရေးမှူးဦးစိုးလွင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)