စုကလိ မေ ၉
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် မုန်တိုင်းသတိပေးချက်များအား ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လိုက်လံနှိုးဆော် သတိပေးခဲ့သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအသွင်သို့ ကူးပြောင်းလာနိုင်ပြီး ပြည်သူများအချိန်နှင့်တပြေးညီ သတိပြုနိုင်စေရန်၊ မုန်တိုင်းသတိပေးချက်များအား စဥ်ဆက်မပြတ်သိရှိဖို့ လိုအပ်ပါကြောင်း၊ ပင်လယ်ကမ်းခြေဒေသများတွင် မိုးလေဝသတိပေးချက်များတွင် နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မှီပြောင်းရွေ့ထားကြရန်လိုအပ်ပါကြောင်းနှင့် ယနေ့မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မိုးများရွာသွန်းခြင်း၊ ပင်လယ်ရေလှိုင်းအမြင့်ပေ ၄ ပေ မှ ၆ ပေခန့်အထိ ရောက်ရှိနိုင်ပြီး၊ လေတိုက်နှုန်းမှာ ၅ မိုင်မှ ၁၀ မိုင်အထိ တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံမိုးသက်လေပြင်းကျစဥ် ၂၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း တို့ကိုသတိပေးကြေငြာခဲ့သည်။
မြို့နေပြည်သူများအနေဖြင့် မိုးများသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား ကြေငြာပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင်