မြောင်မြို့၌ မွေးကင်းစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေး

မြောင် အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် အသက်(၁)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင် များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်အောက်အထိ   ကလေးငယ်များ အား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေး ရောင် (ငါးမျိုးစပ်ကာကွယ်ရေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျော(ရိုတာ)နှင့် ပိုလီယို အစက်ချကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် ကိုယ်၀န်ဆောင်မိခင်များအတွက် မေးခိုင်နှင့် ဆုံဆို့နာရောဂါကာကွယ်ဆေးများကို (၁)နှစ်အောက်ကလေးငယ် (၅၅)ဦး၊ ကိုယ်၀န်ဆောင် (၃၀)ဦး တို့ကို အောက်တိုဘာ(၁)ရက်နေ့နှင့် (၂)ရက်နေ့များတွင် ကျန်းမာရေး၀န်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နွယ်ရည်ကို (ပြန်/ဆက်)