ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (၇၅)နှစ်အထက် (အငြိမ်းစား) ပညာရေးဝန်ထမ်းများကို ပူဇော်ငွေများ ကန်တော့လှူဒါန်း

ဟင်္သာတ  အောက်တိုဘာ ၅

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၅)ရက် နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့နယ်အတွင်းရှိ (၇၅) နှစ်အထက် (အငြိမ်းစား)ပညာရေးဝန်ထမ်းများကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်ပညာရေး မိသားစုများ စုပေါင်းပြီး ပူဇော်ငွေများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ဟင်္သာတမြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ များ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ရောဂါကူးစက် ပျံ့ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ရပ်ကွက်နှင့် တိုက်နယ်‌ ကျေးရွာများသို့ အဖွဲ့(၁၀)ဖွဲ့ခွဲ၍ သွားရောက် ကန်တော့လှူဒါန်းခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်စိုးထံက သိရသည်။

အဆိုပါပညာရေးမိသားစုများ စုပေါင်းလှူဒါန်း မှုမှာ အသက်(၇၅)နှစ်အထက် (အငြိမ်းစား) တစ်ဦးလျှင် ငွေကျပ် (၂၈၀၀၀)နှုန်းဖြင့် စုစုပေါင်း(၁၇၅)ဦးအတွက် (၄,၉၀၀,၀၀၀) ကျပ်ကို အိမ်တိုင်ရာရောက် လိုက်လံ ပူဇော်ကန်တော့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)