ပေါင်းတည် မေ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် (၈:၃၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)တွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးလှိုင်ထွဋ်ကိုတို့နှင့်အတူ မြို့နယ်ပညာရေးမှူးဒေါ်နော်ဆဲပွယ်ဖောတို့က ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့ မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်နော်ဆဲပွယ်ဖော၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးအာဂျူးနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအရာရှိများ တက်ရောက်အားပေးကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာများကို အ.ထ.က(ပေါင်းတည်)အပါအဝင် မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အ.ထ.က(မှတ်တိုင်)တို့တွင်လည်း စိုက်ထူဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှ မေလ ၃၁ ရက်အထိ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သူရကြီး ( ပြန်/ဆက်)