လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၆)ကျောင်းအတွက် ကွန်ပျူတာ ပရင်တာ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

လေရှီး အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် ရန်နွေး အ.ထ.က(ခွဲ)၊ ပန်ဆပ် အ.ထ.က(ခွဲ)၊ ကော်လကန်အ.လ.က၊ မိုဒွန်ဖိုင် အ.လ.က၊ လေယုံ အ.လ.က နှင့် ဖွန်သရက် အ.လက အခြေခံပညာကျောင်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကွန်ပျူတာ ပရင်တာ မီးစက်နှင့် ဆက်စပ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၄၅၀၀၀၀ ကို ယနေ့ နေ့လယ်က လေရှီးမြို့နယ် ပညာရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေနှင့် ပစ္စည်းများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်လင်းက လက်ထောက်ပညာရေးမှူး ဦးဆိုင်းလီနှင့် သက်ဆိုင်ရာကျောင်း ဆရာ၊ ဆရာမထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

လေရှီး (ပြန်/ဆက်)