ပြည် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ကြေညာထားရှိမှုများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများက အဖွဲ့(၂)ဖွဲ့ခွဲကာ ယမန်နေ့ နံနက်ပိုင်းကစပြီး ကြည့်ရှု စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ကော်မရှင်အဖွဲ့ဝင်များက မှော်ဇာတိုက်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ၎င်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ခင်မြတ်မိုး နှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ကြီး(၁၀)ရပ်ကွက်သို့သွားရောက်ကာ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြင်ဆင်ဖြည့်စွက်လိုသူများရှိပါက အဆင်ပြေစွာ ဆောင်ရွက်ပေးသွားရန်နှင့် ကြိုတင်မဲပေးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တောင်ဆိုရန် လိုအပ်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ စသည့် လိုအပ်သောပုံစံများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ထုတ်ယူနိုင်သည်။
မဲစာရင်းများကြည့်ရှုစစ်ဆေးနိုင်ရေး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများ အတွက် ပိုစတာများ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်