ဒိုက်ဦး အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်နှစ်လမှ တစ်နှစ်ခွဲ အထိကလေးငယ်များကို ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များ ကာကွယ်ဆေး ထိုးနှံ ခြင်းလုပ်ငန်းကို ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၆) ရပ်ကွက်ဓမ္မာရုံတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးလျက် ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင်အသက်နှစ်လမှတစ်နှစ်ခွဲထိကလေးငယ် များအား အသက်အရွယ် အလိုက် ဘီစီဂျီ ၊ ဆုံဆို့နာ ၊ မေးခိုင် ၊ ကြက်ညှာ အသည်းရောင် အသားဝါ (ဘီ) ဦးနှောက်အမြှေ:ရောင်ငါးမျိုးစပ် ကာကွယ်ဆေး များကိုထိုးနှံ တိုက်ကျွေးခြင်း ကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ၊ဆုံဆို့နာ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)