ခန္တီး မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မေလ (၈) ရက်နေ့ နံနက် (၉) နာရီအချိန်က နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲကို အဆိုပါသင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ နယ်စပ်ဒေသရှိ အမျိုးသမီးငယ်များ ကိုယ်ပိုင် အတတ်ပညာဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တပိုင်တနိုင်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာမ ဒေါ်လှဝင်းရီက ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခန္တီးတပ်နယ်မှူးနှင့် အရာရှိစစ်သည်များ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ခင်းကျင်းပြသထားသည့် လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများမှ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၂) ပတ်ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)