ရွှေဘိုခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

​ရွှေဘို မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့နံနက် ၁၀ နာရီချိန်က ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌဦးမျိုးဦးက ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှလျော့နည်းစေရန် အတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ဆောင်ချက်များ၊ ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား စနစ်တကျ စီမံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်းနှင့် အစိုးရဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အောင်မြင်စွာဆောင်ရွက်သွားကြရန်  ပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ သဘာဝ​ဘေး​​လျော့ပါး​စေ​​ရေး၊ ကယ်ဆယ်​စောင့်​ရှောက်ရေး၊ ပြန်လည်ထူ​ထောင်​ရေးလုပ်ငန်းစီမံချက်အား ခရိုင်သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီ အတွင်း​ရေးမှူးဦးညီညီ​အောင်က မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းအစီအမံများအား ဆွေးနွေးတင်ပြသည်။                                        

ယင်းနောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌများမှ သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်း​ကော်မတီများက၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ​ဆွေး​နွေးတင်ပြကြရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌဦးမျိုးဦးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အ​​ထွေ​ထွေအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

​ခရိုင်ပြန်/ဆက်(အေးမြင့်စန်း)