ငါးသိုင်းချောင်း မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်မှုများအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်က မိမိတို့မြို့အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပါက မုန်တိုင်းဝင်ရောက်နိုင်သည့် ပတ်ဝန်းကျင်ရှိ ပြည်သူများအား ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ရေး၊ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့်ပစ္စည်းများအား ကြိုတင်စုဆောင်းထားရှိရေး ကိစ္စရပ်များအတွက် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းဝေးသို့ တိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)ကျော်ကျော်