ကျုံပျော် မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား မေလ ၈ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးခြင်းကို ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇေယျမင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီး ဌာန ဦးစီးမှူးဦးအောင်စိန်ဘွင့်က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုများကို ရှင်းလင်းတင်ပြရာ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ကျုံပျော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူတို့၏အသက်အိုးအိမ်များ ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရန်အတွက် အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျစီမံဆောင်ရွက်ထားကြောင်း၊ လက်ရှိမြို့နယ်မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေး အင်အား ၃၅ ဦးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ စနစ်တကျစီစဉ်ထားရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)