မြို့သစ်မြို့တွင် စိုက်ပျိုးထားသည့် ၂၀၂၃ ခုနှစ် နွေစပါးများ အောင်မြင်ဖြစ်ထွန်း

မြို့သစ် မေ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှ ရရှိသော စိုက်ပျိုးရေးဖြင့် ၂၀၂၃ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။

မြို့သစ်မြို့နယ်တွင် ကျေးရွာအုပ်စု (၅၂)အုပ်စုရှိကာ နွေစပါးစိုက်ပျိုးရန် ဆည်ရေရရှိသည့် တောင်သူများအနေဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ လုပ်ငန်းခွင် စတင်ဝင်ရောက်ခဲ့ပြီး နွေစပါးလျာထားချက် ဧကပြည့်မှီနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်​ပေးခဲ့သည်။

အဆိုပါ နွေစပါးစိုက်တောင်သူများ တစ်ဧက စပါးတင်း (၁၀၀)ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုး‌ရေ အဆက်မပြတ်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချကိရိယာများ ငှားရမ်းပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် ရုံးဝန်ထမ်းများက ကွင်းထဲအရောက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)