ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှအသက်(၁)နှစ်‌ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်

ဒိုက်ဦး မေ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွားများရှိ အသက်(၂)လမှ အသက်(၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌လျက်ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများက  အသက်(၂)လမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား  ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ ဦး‌နှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) စသည့် (၅)မျိုးစပ် ကာကွယ်ဆေးထိုးနှံခြင်း‌/ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေး ဆေးခန်းများတွင် လစဉ်လဆန်းရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)