ကျောင်းကုန်းမြို့ အ.ထ.က(၂)မှ လူရည်ချွန် မကောင်းဆုဟံသာအား ဂုဏ်ပြုချီးမြှင့်

ကျောင်းကုန်း မေ ၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade 9 လူရည်ချွန် မကောင်းဆုဟံသာအား ဂုဏ်ပြုချီးမြှင့်ပွဲကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ပညာရေးမှူးရုံးရှိ မြတ်ပညာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ချီးမြှောက်ထိုက်သူကို ချီးမြှောက်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးအောင်ကျော်မြင့်က လူရည်ချွန်တစ်ဦးဖြစ်ဖို့ရာ ကျောင်းစာတော်ရုံတင်မက ဖြတ်ထိုးဉာဏ်ကောင်းရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်တို့က ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပြီး အဖွဲ့ဝင်(၂)ဦးတင်မောင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်တို့ကလည်းကောင်း၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှလည်းကောင်း၊ မြတ်ပညာတံခွန်နှင့် ဘဝရှေ့ဆောင်ကိုယ်ပိုင်ကျောင်းများမှလည်းကောင်း၊ (ရာသက်ပန်)ငွေပဒေသာပင်မှလည်းကောင်း ဂုဏ်ပြုဆုငွေ စုစုပေါင်းငွေကျပ်(၁၃)သိန်းကျော် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)