ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ လူရည်ချွန်ရရှိခဲ့ကြသူများအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဟင်္သာတမြို့ အ.ထ.က ၁ ကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ ဂုဏ်ပြုချီးမြှင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းမှ ဂုဏ်ပြုချီးမြှင့် စကားပြောကြားခြင်း၊ ဟင်္သာတမြို့နယ် ပညာရေးမှူး ဒေါ်ခင်နှင်းယုမှ ဂုဏ်ပြုချီးမြှင့် စကား​အသီးသီးပြောကြားခဲ့ ပြီးနောက် ၂၀၂၃ ခုနှစ်၊ (GRADE-9) လူရည်ချွန်ကျောင်းသူ မဖူးဟေသာ (ကြယ်တံခွန် ကိုယ်ပိုင်အထက် တန်းကျောင်း)မှ လည်းကောင်း၊ (GRADE-10) လူရည်ချွန်ကျောင်းသူ မမေပန်းချီ (အထက- ၃)မှ လည်းကောင်း၊ (GRADE-11) လူရည်ချွန်ကျောင်းသူ မရွှေရည်ဝင့်ဝါ (အထက- ၁)တို့မှ လူရည်ချွန်စခန်း အတွေ့အကြုံများကို ပြန်လည်ရှင်းလင်း ပြောကြားခြင်း နှင့် ကျေးဇူးတင်စကားပြောကြားကာ ခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် မြို့နယ် ပညာရေးမှူး ဒေါ်ခင်နှင်းယုတို့မှ လူရည်ချွန်ကျောင်းသူ(၃)ဦးအား (၁)ဦးလျှင် ဆုငွေ(၁ဝဝဝဝဝိ/-) ကျပ် အသီးသီးပေးအပ် ချီးမြင့်ခဲ့ ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူနှင့် မြို့ပေါ် ကျောင်းများမှ ထက်/လယ်/မူ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)