ထားဝယ် မတ် ၅
၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း လီမိတက်က ယနေ့နံနက်ပိုင်းတွင် အသင်းမှအသင်းသား(၂၀၈)ဦးအား ထောက်ပံ့ငွေများထုတ်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် တာဝန်ရှိသူများက၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အသင်းမှအသင်းသား (၂၀၈)ဦးအတွက် စုဆောင်ငွေပေါ်အတိုး (၁၁၂၄၀၀၃၀)ကျပ်၊ အစုပေါ်အမြတ် (၇၇၉၂၇၉) ကျပ်၊ အသင်းသားများ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အသင်းသားများအားထောက်ပံ့ ငွေ (၄၂၆၀၀၀၀)ကျပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)