လဟယ်မြို့တွင် မဲရုံစောင့် အထူးရဲတပ်ဖွဲ့သင်တန်း ဖွင့်လှစ် ကျင်းပ

လဟယ်  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နိုဝင်ဘာလ ရက်နေ့ ကျင်းပပြုလုပ်မည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း တာဝန်ယူမည့် မဲရုံစောင့် အထူးရဲတပ်ဖွဲ့ သင်တန်းဖွင့်ပွဲ ကို လဟယ်မြို့၊ လူငယ်သင်တန်းကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မဲရုံစောင့်အထူးရဲတပ်ဖွဲ့ သင်တန်းသား(၁၀၅)ဦးကို စာတွေ့၊ လက်တွေ့သင်တန်းကာလ()ပတ်နှင့် ရက်ပေါင်း(၂၈)ရက် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် စာတွေ့လက်တွေ့ သင်တန်းများကို အရာရှိ၊ တပ်သား()ဦးတို့မှ သင်တန်း ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပါမင်းလှိုင် (ပြန်/ဆက်)