ပန်ဆောင် အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်း ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခြင်းကို အောက်တိုဘာလ ၂ ရက်နေ့မှစတင်၍ ပန်ဆောင်မြို့ပေါ် (၃) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကပ်ထား ကြေညာ ထားကြောင်း သိရသည်။
မဲရုံအမှတ် ( ၁)တွင် (၄၃၃)ဦး၊ မဲရုံအမှတ်(၂ )တွင်( ၈၆၁ )ဦး စုစုပေါင်း(၁၂၉၄)ဦး ၊ ပန်ဆောင်မြို့ တစ်နယ်လုံးအနေဖြင့် ဒုတိယ အကြိမ်မဲပေးပိုင်ခွင်ရှိသူ အသက်(၁၈ )နှစ်အထက် မဲဆန္ဒရှင်အမည် စာရင်းထုတ်ပြန်ကြေညာချက်အရ စုစုပေါင်း (၈၇၅၇ )ဦးဖြစ်ကြောင်း ဒုတိယအကြိမ် ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ဂျာယော်( ပြန်/ဆက်)