ရွှေဘို အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှာ ကိုဗစ် -၁၉ ပိုးတွေ့ ပထမလူနာနှင့် ဒုတိယလူနာ(၂) ဦးတို့ ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်တယ်လို့ ရွှေဘိုမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင် ထံမှသိရသည်။
အဆိုပါ ပိုးတွေ့လူနာများသည် စက်တင်ဘာ(၂၀ ) ရက်က ကိုဗစ် -၁၉ ပိုးတွေ့ပထမလူနာဖြစ်တဲ့ ရွှေဘိုမြို့ အမှတ်(၁) ရပ်ကွက် ဘူတာ(က) ရပ်နေ အသက်(၄၁) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် စက်တင်ဘာ( ၂၂) ရက်က ကိုဗစ် -၁၉ ပိုးတွေ့ဒုတိယလူနာဖြစ်တဲ့ ရွှေဘိုမြို့နယ် ကံသာကုန်းကျေးရွာနေ အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဟာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိလို့ ရွှေဘိုမြို့ သူနာပြုနဲ့သားဖွားသင်တန်းကျောင်းမှာရှိတဲ့ ယာယီဆေးရုံမှာ တက်ရောက်ကုသမှုခံယူခဲ့တဲ့သူများ ဖြစ်ကြောင်းနှင့် ထိုပိုးတွေ့လူနာ(၂) ဦးတို့မှာ ရောဂါလက္ခဏာ ပျောက်ကင်းပြီဖြစ်တဲ့အတွက် အောက်တိုဘာ(၅) ရက်နေ့ နံနက် (၈) နာရီတွင် ဆေးရုံမှဆင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Home Quarantine (၇) ရက် ဆက်လက်ထားရှိသွားမှာ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်က ပြောကြားသည်။
ရွှေဘိုမြို့နယ်မှာ ကိုဗစ်-၁၉ Positive အတည်ပြုလူနာ (၈) ဦး တွေ့ရှိထားပြီး၊ (၂) ဦး ဆေးရုံဆင်းခွင့်ရရှိလို့ ယာယီဆေးရုံမှာ (၆) ဦး တက်ရောက်ကုသနေဆဲဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)