မင်းဘူးမေ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ ဉာဏ်တော် ၁၅ ပေ ၃ လက်မ၊ လုံးပတ် ၁၅ ပေနှင့် ဘုရားပရဝုဏ် အကျယ်ပေ(၄၀) ပတ်လည်ရှိ နဂါးရုံဘုရား တစ်ဆူကို တည်ထားကိုးကွယ်းသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် မြေနေရာသတ်မှတ်ခြင်းနှင့် အကြိုပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင် နဂါးတစ်ထောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝဏ္ဏသီရိ အရှင်သူမြတ်ဦးဆောင်ပြီး အဆိုပါရိပ်သာ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ နဂါးရုံးဘုရားကြီးကို စမတောင် ဆရာတော်အရှင်သူမြတ်ဦးစီးကာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီးတို့မှ အလှူငွေကျပ် (၁၀)သိန်းအပြင် (၇) ရက်သားသမီးအများ ကောင်းမှုဖြင့် စုပေါင်းတည်ထား ကိုးကွယ်မည်ဖြစ်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါက မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာ ဘဏ္ဍာရေးမှူး ဖုန်း-၀၉၅၃၄၁၉၄၇ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)