ပခုက္ကူ မေ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီအချိန်က ပြုလုပ်သည်။
အသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့်ဦးစီးအရာရှိ ဒေါ်ချိုချိုမာတို့က “အပူဒဏ်အန္တရာယ်နှင့် ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းနှင့်အခြား အပူဒဏ်ကြောင့်ဖြစ်ပေါ်နိုင်သည့်လက္ခဏာရပ်များ၊ အယ်လ်နီညိုဖြစ်စဉ်အကြောင်းအရာများ၊ အပူဒဏ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ရာသီဥတုပူပြင်းမှုကြောင့် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သော ရေးပေါ်ဖြစ်စဉ်များအား ရှေးဦးပြုစုနည်းအကြောင်းတို့ကို အသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)