စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃ ခုနှစ်၊ ၇၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့ နေ့အခမ်းအနားတက်ရောက်

မုံရွာ မေ ၅

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ၇၇ နှစ်မြောက်၊ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံအား အလေးပြုကြပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ သစ္စာ(၄)ချက်အား ရွတ်ဆိုကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ရှေးမီးသတ် သမားကြီးများနှင့် မျက်မှောက်ခေတ်ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် မီးသတ်လုပ်ငန်းဆိုင်ရာများအား စွမ်းအားပြည့် တာဝန် ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်အားလုံးအား ဂုဏ်ပြုလိုခြင်းဆိုသည့် အလွန်ကောင်းမြတ်သည့် ရည်ရွယ်ချက် ဖြင့် ယနေ့အခမ်းအနားအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသား ပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး မည်သို့သောအခြေအနေ မျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့် ပြည်သူ့ အကျိုးပြု တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာသည့်အတွက် နိုင်ငံတော်အကြီးအကဲများမှ မီးသတ်တပ်ဖွဲ့ကို အလေးထား ဂုဏ်ပြုပါကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် လူနေမှုပုံစံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာမည့် မီးဘေး အန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ ရမှာဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် လည်း တိုးတက်ဖြစ်ပေါ်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ် တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ မီးသတ်သမားကောင်းတစ်ယောက်တွင် ရှိရမည့် ခိုင်မာတည်ကြည် ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာကြွယ်ဝမှုရှိစေရန် ကြိုးစားသွားရမည်ဆိုသည့် ရည်မှန်းချက်တို့နှင့် ပြည်သူအား အလုပ်ကျွေးပြုကြရန်နှင့် နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာ ဆည်းပူးပြီး မိမိနိုင်ငံသားများအတွက် ပြည်လည်အသုံးချနိုင်ရန် အားထုတ်ကြဖို့နှင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မား အောင် ကြိုးစားနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ပါကြောင်း၊ ပြည်သူများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ်ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုပါကြောင်း၊ တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများအား လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံတော်အစိုးရမှ အားသွန်ခွန်စိုက်ဆောင် ရွက်သည့်နေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကျရာနေရာအခန်း ကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။   

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွား လာပါက မီးငြှိမ်းသတ်ကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ အသိပညာပေးရုပ်ပုံများ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ကယ် စွမ်းရည် သရုပ်ပြသခြင်း၊ အဆင့်မြင့်မီးငြှိမ်းသတ်ယာဉ်များဖြင့် သရုပ်ပြသခြင်းနှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သရုပ်ပြသခြင်းများအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သရုပ်ပြသခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ ငွေကျပ် ၁၀ သိန်းပေးအပ် ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)