မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံးများရောက်ရှိ

မအူပင်   အောက်တိုဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ ပြည်သူများဆန္ဒမဲပေးရန်အတွက် ဆန္ဒမဲပုံး (၂၃၉၆)ပုံးရောက်ရှိပြီး ဖြစ်ရာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ဆက်လက်ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည့် ပါတီပေါင်း (၁၀)ပါတီ၊ မဲရုံပေါင်း(၃၁၁)ရုံ လျာထားဖွင့်လှစ်မည်ဖြစ်ပြီး မဲရုံမှူးနှင့် အဖွဲ့ဝင်ပေါင်း (၃၅၂၆)ကို ဖွဲ့စည်းတာဝန်ချထားကာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ (၂၄၀၈၈၈)ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)