မအူပင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ နိုင်‌ငံတော်အဆင့် ဘက်စုံထူးချွန် လူရည်ချွန် မောင်မယ်များအား ကြိုဆိုဂုဏ်ပြု

မအူပင် မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြိုတွင် လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ နိုင်ငံတော်အဆင့်ဘက်စုံထူးချွန်သည့် လူရည်ချွန်မောင်မယ် (၅)ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို မအူပင်မြို့အဝင်မှ စတင်ကာ အခြေခံကျောင်းများရှေ့တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ၊ မိဘဆွေမျိုးများက လှိုက်လှဲ စွာဖြင့် ဂုဏ်ပြုပန်းစည်းများ၊ ပန်းကုံးများဖြင့် ယနေ့ နံနက် ၉ နာရီက ကြိုဆိုခဲ့ကြသည်။

မအူပင်မြို့၏ ဘက်စုံကျောင်းသား၊ ကျောင်းသူများမှာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ အဖဦးခင်ဇော်၏ သား Grade 9 ကျောင်းသား မောင်ကျော်ဝင်းဇော်၊ ပညာခေတ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ အဖဦးဌေးအောင်၏ သား Grade 10 ကျောင်းသား‌ မောင်ဉာဏ်မင်းထက်၊ အဖဦးဟံမင်းစိုး၏ သမီး Grade 10 ကျောင်းသူ မမေအင်ကြင်းကို၊ အဖဦးသန်းဇော်၏ သား Grade 11 ကျောင်းသား မောင်ကောင်းထက်မင်း၊ အဖဦးဝင်းကို၏သမီး မအိမ့်ချမ်းမြေ့တို့သည် မအူပင်မြို့ဂုဏ်ဆောင်သည့် ဘက်စုံထူးချွန်သည့် လူရည်ချွန်များဖြစ်သဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများမှ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)