ရွှေတောင်မြို့နယ် တွင် လူရည်ချွန် မောင်မယ်များအားကြိုဆို

ရွှေတောင် မေ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ လူရည်ချွန် မောင်မယ်များအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကြိုဆိုခဲ့ကြသည်။

အဆိုပါ လူရည်ချွန်မောင်မယ်များကြိုဆိုရာတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦး၏ ကြီးကြပ်မှုဖြင့်  အ.ထ.က ရွှေတောင်ကျောင်းမှ လူရည်ချွန်နှစ်ထပ်ကွမ်း မောင်ရဲရင့်ဟိန်းကို ဝါးလည်ကျေးရွာမှ တာလမ်းကြီးမှဆေးရုံလမ်း၊ ဆေးရုံလမ်းမှစျေးလမ်း၊ စျေးလမ်းမှ မြောက်ဘုရားကြီးလမ်း၊ မြောက်ဘုရားကြီးလမ်းမှ ပိတောက်တန်းလမ်း၊ ပိတောက်တန်းလမ်းမှ ဆေးရိုးတန်းလမ်း၊ ဆေးရိုးတန်းလမ်းမှ အ.ထ.ကရွှေတောင်သို့လည်းကောင်း၊ အ.ထ.က ကြာနီကန်ကျောင်းမှ လူရည်ချွန် မမြကေခိုင်ကျော်ကို ဝါးလည်ကျေးရွာ တာလမ်းကြီးမှ ဆေးရုံလမ်း၊ ဆေးရုံလမ်းမှ အ.ထ.က ကြာနီကန်ကျောင်းဝန်း၊ ဧဝရတ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ လူရည်ချွန် မောင်ကောင်းခန့်သော်တို့ကို ရွှေတောင်မြို့နယ်၊  ဝါးလည်ကျေးရွာမှ ဧဝရတ်ကိုယ်ပိုင်အထက်တန်းကျောင်းသို့ တာဝန်ရှိသူများ၊ ကျောင်းမိသားစုများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)