ပန်းတောင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းကို ယနေ့နံနက် (၈:၀၀)အချိန်က ကြခတ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်းကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကြခတ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ကွင်းဆင်၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ကျန်ရှိနေသောရပ်ကွက်များတွင်လည်း သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများကို အပတ်စဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)